The Shan Rice, is a local dish usually eaten for breakfast. Some people also enjoy having it for lunch or dinner.
It is made with a mix of Shan rice or Inle rice, tomato stock, boiled snake head fish soup, tumeric powder and fish paste, fried garlic oil. And is served with garlic, chive root, fried pork skin and rice cracker.
Do you like "Shan Fish Rice"? Do you make it at home? Where do you like to eat this delicious dish around Nyaung Shwe or Inle lake? Share with us on the comments.
ညောင်ရွှေ၊ အင်းလေးကို ရောက်ပြီဆိုတာနဲ့ မစားမဖြစ်စားကြည့်သင့်တဲ့ နာမည်ကြီးတဲ့ အစားအစာတွေထဲမှတစ်ခု အကြောင်းပြောပါရစေ။
အဲတာကတော့ ငါးထမင်းနယ်ပါ။
ငါးထမင်းနယ်ဟာဆိုရင် ညောင်ရွှေ၊ အင်းလေးဒေသရဲ့ ဒေသစာဖြစ်ပြီး များသောအားဖြင့် မနက်စာ အနေနဲ့ စားလေ့ရှိပြီး ရံဖန်ရံခါမှာ နေ့လည်စာ၊ ညနေစာ အနေနဲ့လည်း စားသုံးပါတယ်။
ဒေသစာဖြစ်တဲ့ ငါးထမင်းနယ်ကို ရှမ်းဆန် (သို့မဟုတ်) အင်းဆန် နှင့် ခရမ်းချဉ်သီးပြုတ်ရည်၊ ငါးရံ့ပြုတ်ရည်၊ ဆနွန်း တို့နဲ့ စီးဖိန်နေအောင်နယ်ပြီး ငါးရံ့အသားလေးဖြူး၊ကြက်သွန်ဆီချက်လေးဆမ်းကာဂျူးမြစ် ကြက်သွန်ဖြူ၊ ဝက်ခေါက်ကြော်၊ ဆန်လုံးစီကြော် စတာတွေနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။
သင်ရော် ငါးထမင်းနယ်စားရတာ ကြိုက်လား? အိမ်မှာရော လုပ်စားဖြစ်လား? ညောင်ရွှေ၊ အင်းလေးဒေသမှာ ဘယ်ဆိုင်က ငါးထမင်းကို စားရတာ အကြိုက်ဆုံးလဲ? တစ်ခုခု ဖြေပေးသွားပါအုံး။