Floating Gardens at Inle Lake
The floating gardens and the floating villages are definitely one of the most interesting things at Inle Lake. One of the main reasons we welcome many travellers every year.
The floating gardens are home for many different types of seasonal plants: Gourd, Bitter gourd, Bell pepper, Cucumbers, Different Flowers Species, Tomato are some of them...
The Inle tomatoes that grow on these gardens are very famous all over Myanmar, specially because its taste and its durability.
Bamboo poles hold the floating garden together to make sure they don't go to far or end up on the bottom of the lake.
Have you ever visited the floating gardens?
ရေပေါ်စိုက်ခင်းများ
အင်းလေးကန်ရှိ ရေပေါ်စိုက်ခင်းများ နှင့် ရေပေါ်ရွာများ သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သို့အတွက်ကြောင့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များစွာ နှစ်စဉ်လာရောက်လည်ပတ်ကြသည်။
စိုက်ခင်းများမှာ ရေပေါ်တွင် ပေါလောပေါ်နေသော သဘာဝ ကျွန်းမျောများပေါ်တွင် ရာသီအလိုက် ခရမ်းချဥ်သီးများ ၊ ဗူးသီးခင်းများ ၊ ကြက်ဟင်းခါး ၊ ငရုတ်ပွ ၊ သခွား ၊ ရေမွှေးပန်း ၊ မေမြို့ပန်း စသည်ကို စိုက်ပျိုးကြသည်။
အထူးသဖြင့် ခရမ်းချဉ်သီးကို အများဆုံး စိုက်ပျိုးကြသည်။ အင်းလေး ခရမ်းချဥ်သီးမှာ အထားခံ၍ နာမည်ကြီးသည်။
နှစ်ပေါင်းများစွာကြာသော သက်တမ်းအားဖြင့်ရာချီရှိသော သဘာဝမြက်ရိုင်းတော ထိန်ပင်တောများကို ခုတ်ထွင်ရှင်းလင်းပြီး ငါးပေခန့်ရှိသော ငါးမန်းလွှကြီးဖြင့် စောက်ထိုးဖြတ်ကာ ကျွန်းမျောများကို ခက်ခက်ခဲခဲ ဖြတ်တောက်ဆွဲယူပြီး ၄င်းအပေါ်တွင် နှုန်းမြေများ ရေမှော်များတင်ကာ သီးနှံများကို စိုက်ပျိုးကြသည်။
ကျွန်းမျောစိုက်ခင်းများကို ရေပေါ်တွင် ဟိုမျော ဒီမျောမရှိအောင် ဝါးလုံးများဖြင့် ရေကန်အောက်ခြေ အမာခံရောက်သည်အထိ ထိုးစိုက်ကာ ထိန်းသိမ်းရသည်။
လာရောက်လေ့လာဖို့ အနားယူဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။