In the time of Zaw Bwar “Si Hsine Pha” in the year 721, when he founded Nyaung Shwe. About 580 years ago, five Buddha images were sculpted while the “Than Htaung Village” caves were explored. Of the five sculpted images of Buddha, two of them are "Ya Han Thar". The five sculptures were named "Phaung Daw Oo carved images of Buddha".
*******************************
“ The fundamental cause of Phaung Daw Oo carved images of Buddha “
_______________________________________
Around the year 404, during the time of the King of Bagan, “Ah Laung Si Thu Min Da Yar Gyi” was voluntarily released from the Buddhist region. While the king was traveling through his lands, he built many pagodas for the nation's citizens. When the king arrived at "Thi Ho Island", he traveled along the river on a large raft.
During his visit, he requested that five Buddha images be carved out of an aromatic wood called "Ra Kha", offered respectfully by Sakka (The Lord of the first and second level of existence of nat devas). And the King of Bagan then brought the images on your raft.
“ The Original shrine Of Phaung Daw Oo carved images of Buddha “
_______________________________
Zaw Bwar Gyi "Si Hsine Pha" invited the 5 images to visit the city of Nyaung Shwe and to be revered in "Haw Nan Reign". The images were taken to the sacred temple at the beginning of October to be revered by the citizens. This devotion took place for 256 years in the city of Nyaung Shwe. In the year 997, at the time of the Zaw Bwar woman “Sao Nan Hay”, the images were transferred from the city of Nyaung Shwe to the village of “Inn Dein”. Every October 8, many Zaw Bwar visited the images at the Inn Dein sanctuary.
The images have covered a 14-day journey from the temple in the city of Nyaung Shwe to the temple in Inn Dein, and throughout the journey many devotees made offerings to the images. After a long time, the images were transferred from Inn Dein to “Nam Hu“. Where the presiding monk of the South Tha Lay Monastery founded a prayer hall in front of the pagoda. The images currently visit 21 villages along Lake Inle.
Unfortunately in 2020, due to the Covid-19 pandemic, this traditional procession, famously called The Phaung Daw Oo Festival or Inle Lake Festival was cancelled.
________________________________
References for information, historical content and old photos are from Sayar Daw “ U Thaw Bi Da “, the presiding monk of “Kyaung Ni Kyaung, Heya Ywama village.
Recent Photo Credit: Yashika
Do you know how many images participate on the procession? Do you know all the villages where the images visit? Have you ever participated on this sacred event?
⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐
အင်းလေးဖောင်တော်ဦးဘုရားသမိုင်းအကျဉ်း
______________________________
သက္ကရာဇ် (၇၂၁) ခုနှစ်၊ ညောင်ရွှေမြို့ကို
တည်ထောင်ခဲ့သော စော်ဘွားကြီး စီဆိုင်ဖ လက်ထက်၊ လွန်ခဲ့သော နှစ်ပေါင်း (၅၈၀) ကျော်ခန့်ကာလက ယခုသန်းထောင်ဘုရားနယ်မြေအတွင်း လိုဏ်ဂူတစ်ခုတွင် ရှင်းလင်းခုတ်ထွင်ရာမှ ဘုရားရှင်ရုပ်ပွါးတော် (၅) ဆူကို ဖူးမြော်တွေ့ရှိရသည်။
၎င်း ရုပ်ပွါးတော် (၅) ဆူအနက် (၂) ဆူမှာ ရဟန္တာပုံဟု သိရပါသည်။ ၎င်းရုပ်ပွါးတော်(၅) ဆူကို
ဖောင်တော်ဦး ရုပ်ပွါးတော်ဟု ခေါ်ပါသည်။
“ဖောင်တော်ဦးရုပ်ပွါးတော်မြတ်ဟု ခေါ်ဆိုရသော အကြောင်းရင်း “
*************************************
ထိုသို့ခေါ်ဆိုရခြင်းမှာ သက္ကရာဇ် ၄၀၄ ခုနှစ်တွင် မင်းအဖြစ်ရောက်ရှိသော ပုဂံပြည့်ရှင် နရပတိ အလောင်းစည်သူမင်းကြီးသည် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွါးဖို့လိုလားသူဖြစ်၍ တိုင်းခန်းလှည့်လည်ရာအနှံ့ ပြည်သူအများဆည်းကပ်ပူဇော်ရန် စေတီပုထိုးများ တည်ထားခဲ့လေသည်။
သီဟိုကျွန်းသို့ ရောက်သောအခါ သီဟိုမင်းဆက်သသည့် သစ်ကနက်ဖောင်ကြောဖြင့် လှည့်လည်၍ မလယ ခေါ် မဟာဗောဓိသားနှင့်တကွ
သရက္ခာန်နံ့သာနှစ်သားတို့ကို ရုပ်ပွါးတော် (၅) ဆူ ထုလုပ်စေပြီး ဖောင်တော်ရှေ့ဦးတွင် ပင့်တင်ယူဆောင်စေလျှက် နေပြည်တော် ပုဂံမြို့သို့ရောက်လေသည်။ ထို့ကြောင့် ဖောင်တော်ဦး ရုပ်ပွါးတော်မြတ်ဟု ခေါ်လေသည်။
~~~~~~~~~~~~~~~~~~~~~
“ ဖောင်တော်ဦး ရုပ်ပွါးတော်မြတ် မူလကျောင်းဆောင်နှင့် ပြောင်းရွှေ့ပူဇော်ခံခြင်း”
***************************************
စော်ဘွားကြီး စီဆိုင်ဖသည် ယင်းရုပ်ပွါးတော်မြတ် (၅) ဆူကို ညောင်ရွှေမြို့သို့ ပင့်ဆောင်ပြီး ဟော်နန်းဦး စံပြဿဒ်ပေါ်တွင် ကိုးကွယ်တော်မူလေသည်။
သီတင်းကျွတ်လဆန်း (၇) ရက်ရောက်သောအခါ လှပစွာပြုလုပ်ထားသော အောက်ပြဿဒ်သို့ ပင့်ဆောင်၍ ပြည်သူပြည်သားတို့အတွက်
အဖူးမြော်ခံ ပူဇော်ပွဲသဘင် ကျင်းပတော်မူလေသည်။
ညောင်ရွှေမြို့၌ နှစ်ပေါင်း (၂၅၆) နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် ၉၉၇ ခုနှစ်၊ ညောင်ရွှေမြို့၌ စိုးစံခဲ့သော အမျိုးသမီးစော်ဘွား “ စဝ်နန်းဟေး” လက်ထက်တွင် ဖောင်တော်ဦးရုပ်ပွါးတော် (၅) ဆူကို ညောင်ရွှေမြို့မှ အင်းလေးကန် အနောက်တောင်အရပ်ရှိ
“အင်းတိန်” သို့ ရွှေ့ပြောင်းကိုးကွယ်ခဲ့သည်။
ဖောင်တော်ဦးရုပ်ပွါးတော်များကို
နှစ်စဉ် သီတင်းကျွတ်လဆန်း(၈) ရက်တွင် စော်ဘွားများ သွားရောက်ဖူးမျှော်ကြသည်။
ဆင်းရဲချမ်းသာမရွေး ပြည်သူပြည်သားများ ပူဇော်နိုင်ရန်အတွက် သီတင်းကျွတ်လဆန်း (၇) ရက်တွင် ညောင်ရွှေမြို့သို့ ပင့်ဆောင်ပူဇော်ခံ၍
သီတင်းကျွတ်လဆန်း(၈) ရက်နေ့တွင် အင်းတိန်သို့ ပြန်လည်ပင့်ဆောင်ခဲ့သည်။
ဒေသစာရီကြွချီရာတလျှောက် ဒေသများမှလဲ ပူဇော်လိုကြ၍ တောင်းဆ်ိုရာ (၁၄) ရက်ကြာ ဒေသစာရီ ကြွချီခဲ့ပါသည်။
ကာလအတော်ကြာပြီးသည့်နောက် “ အင်းတိန်” မှ “ နမ့်ဟူး” သို့ ပြောင်းရွှေ့ကိုးကွယ်ခဲ့ပါသည်။
အင်းတိန်ဂိုဏ်းထောက်၊ သာလေးတောင်ကျောင်းဆရာတော် မှ အာရုံခံတန်ဆောင်းစတင်ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။
၂၀၁၉ နှစ်အထိ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲကို (၂၁) ဌာန၌ ကျင်းပပူဇော်ခံခဲ့ပါသည်။
ယခု ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကာလကြောင့် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ယခုအချက်အလက်နှင့် သမိုင်းကြောင်းကို
ရွာမ ကျောင်းနီကျောင်းဆရာတော် ဦးသောဘိတ ၏ စာတမ်းပြုစုမှုမှ အကျဉ်းကို ကိုးကားဖော်ပြထားပါသည်။
Q 1 : ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီသည့်အခါ ရုပ်ပွါးတော်ဘယ်နှဆူ ကြွချီပူဇော်ခံလဲဆိုတာ
ကောမန့်မှာ ဖြေသွားပေးပါနော်?
Q2: ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီသည့် (၂၁) ဌာနမှ မည်သည့်ဌာနတွေကို သိပါသလဲ?
ကောမန့်မှာ ဖြေသွားပေးကြည့်ပါနော်?