Inle is a 14 miles in length and 7 miles wide lake, part of the Shan Hills, the lake is bounded by the East Sin & West Lattmongkyawe, Shwe Maye Tint, Taungkhamauk, ShweInn Tein and Shwe O Daung Mountains. It is located 2.914 feet above sea level.
According to geologists, Inle Lake is a dissolved lake formed by the melting of limestone. It is believed that the lake is 200 million.
The lake receives water from numerous creeks and rivers flowing from many different directions, even from different states. But unfortunately according to the UNDP & FAO’s research in 1993 the lake level is decreasing 3.5cm a year.
The people that lives on the lake are called Innthar. And there are many different stories behind the origin of them.
One of them is from a book called “History of Nyaung Shwe Town” written in 1920, where they mentions that the Innthar ethnicity originates from people that came from Htarvai to work for the Shan Chief, Sao Sipha, and stayed at the Nanthae Village and their descendants migrated to the south of Inle lake.
The four main villages at Inle Lake on that time were names in Shan language, and it is presumed that the villages were founded by the Shan King, the Kawthami Dynasty and the Yarmawati Kingdon.
On the pages of the Dr. Than Tun's book, Ancient Burmese History, the Inthar people are among the six ethnic groups of Tibetan-Burmese Assamese who came to Myanmar after the 9th century. Due to the hot and dry weather in central Myanmar, they left for Inle and became the Innthar people.
According to the book wrote by U Min Naing (toutthaiyinbwarpyihtaungthar), the Tibetan-Burmese migrants had the same features, body structure, language assent, cultural traditions, and similar costumes as the Innthar, Rakhine ,Burmese, Myeik, Htarvai ethinics groups.
How many villages do you think there are today at Inle Lake?
⭐⭐⭐⭐⭐⭐⭐⭐
မင်္ဂလာပါ
Home stay ကာလမှာ မိတ်ဆွေတို့ကို ဒီနေ့ အင်းလေးဌာနီ အကြောင်းလေး ပြောပြပေးသွားမှာပါ။
သမိုင်းကြောင်းလေးမစခင်လေး ဒီစာချိုးလေးနဲ့ မိတ်ဆက်ပေါရစေ။
မောတို့ ဌာနေ အင်းလေးပြည်
အင်းလေးကန်သည် အရှေ့ဘက်တွင်ဆင်တောင်တန်း အနောက်ဘက်တွင် လက်မောင်းကွေးတောင်တန်း ရွှေမြင်ထင်တောင် ၊တောင်ခမောက်၊ ရွှေအင်းတိန်တောင် ၊ ရွှေဥဒေါင်းတောင် သးည့်တောင်တန်းများအကြား မြောက်မှတောင်သို့ စီးဆင်းနေသော အလျား၁၄ မိုင် အနံ ၇မိုင် ကျယ်သော ရေကန်ကြီး ဖြစ်သည်။
ဘူမိဗေဒရှင်များအဆိုအရ အင်းလေးကန်သည် ထုံးကျောက်များ အရည်ပျော်ရမှဖြစ်ပေါ်လာသော ပျော်၀င်ကန်တစ်ခုဖြစ်သည်။အင်းလေးကန် တစ်ဘက်တစ်ချက်ရှိ ထုပြတ်ရွေ့ အက်ကြောင်းကြီးနှစ်ခု၏ အလယ်ထုသည် အောက်သို့လျှောကျမူဖြင့် လွန်ခဲ့သော နှစ်ပေါင်း၂၀၀ရာခန့်က ဖြစ်ပေါ်လာသော ရေအိုင် ဖြစ်ပါသည်။
အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၁၄ ပေ တွင် တည်ရှိသည်။၁၉၉၃ ခု UNDP နှင့် FAO တို့၏ သုတေသန ပြုချက်များအရ အင်းလေးကန်သည် တစ်နှစ်လျှင် ၃.၅ စင်တီမီတာ အနည်ပို့ချလျက်ရှိသည်။ အင်းလေးကန်အတွင်းသို့ မြောက်များစွာသော ချောင်းငယ်များသည် အင်းလေးကန်၏ ရှေ့နောက်တောင်မြောက် ရှိတောင်များကိုကွေ့ဝိုက်စီးဆင်းလျက်ရှိသည်။အင်းလေးပတ်သက်၍ ထင်မြင်ယူဆချက် ပေါင်းစုံရှိကြလေသည်။
အနီးစပ်ဆုံး ထင်မြင်ယူဆချက်မှာ ၁၊ ဝမ်လုံ ရှမ်းဘာသာဖြင့် (ရွာကြီး) ယခုရွာ ကြီးဗန်းပုံ
၂၊ နမ့်ပန် ရှမ်းဘာသာဖြင့် (ရေလည်ရွာ) ယခုအခေါ် နန်းပန်
၃၊ နောင်တောင်း ရှမ်းဘာသာဖြင့် (ရေညှိရေမော်ကန်) ယခု နောင်တော
၄၊ ဟိုင်းယ ရှမ်းဘာသာဖြင့် (ဟိုင်း ဖြတ်သည် ယ ကိုင်းမြတ်တော) ကိုင်းမက်တောကို ဖြတ်၍ ရွာတည် ရသည် ။ယခု ဟဲယာ ရွာမ ဟူ၍အင်းလေးကန်ဖြစ်လာသည်။
အင်းလူမျိုးဖြစ်ပ်ါလာပုံ သည်လည်း ထင်မြင်ယူဆချက်ပေုာ်းများစွာရှိသည်။
ခရဇ် ၁၉၂၀ ခုနစ်တွင်ရေးသသေားသော ညောင်ရွှေသမိုင်းစာအုပ်တွင် ညောင်ရွှေ စော်ဘွားကြီး စဝ်ဆိုင်ဖထံ လာရောက်အမှူထမ်းသော ထား၀ယ်သားမများမှ ပေါက်ဖွားလာသည် ဟုရေးသည်။
၄င်းတို့ကို နမ့်သဲ ရွာတွင်ထားရာမှ အင်းလေးကန်းအတွင်းပြန်ပွားလာသည့်ဟု အဆိုရှိပါသည်။
အင်းရွာ၄ရွာ မှာရှမ်းအမည်ဖြင့် မှည့်ခေါ်ထားသော ရွာများဖြစ်၍ ယခင် ကောသမ္ဘီမြို့နှင့် ရမ္မာ၀တီ မြို့များကိုတည်ထောင် ခဲ့ကြသော မောရှမ်းမင်းများမှ တည်ထောင်ခဲ့ဟန်တူပါသည်။
အင်းလေးကန်တွင် ရှမ်းစကား ပြောသော ရှမ်းရွာများမှာ နမ်းဟူး ၊ လယ်ခြေ၊ သာလေး၊ တောင်ပို့နီ၊မိုင်းပျိုးရွာ၊သိမ်ထောင့်၊ အင်းလျား၊ ကျိုင်ခမ်း ၊ ဟဲခမ်း၊ စံခမ့်ရွာ ၊ဟဲလုံ၊ မြေနီကုန်း ရှမ်းရွာ၊ နန်းသဲရွာ နှင့် မိုင်းသောက် ရွာတို့ ဖြစ်ကြသည်။
ဒေါက်တာသန်းထွန်းရေးသည့် ခေတ်ဟောင်းမြန်မာ ရာဇ၀င် စာအုပ်စာမျက်နှာ (၂၄၊၂၅)တွင် အင်းသားလူမျိုးများသည် ၉ရာစုနောက်ပိုင်း တွင် မြန်မာနိုင်ငံသို့ဝင်လာသော တိဘက် မြန်မာ မျိုးကွဲ အာသံ မြန်မာ လူမျိုးစိပ်အစု ၆ စုအနက် မြန်မာစုတွင်ပါဝင်သည်။ မြန်မာပြည် အလယ်ပိုင်းသည် ပူပြင်းခြောက်သွေ့သောကြောင့် လိုက်ပါမသွားကြပဲ အင်းလေးဘက်သို့ ထွက်ခွာလာရာ အင်းသားလူမျိုး များဖြစ်လာကြောင်း နှင့် ဦးမင်းနိုင် ၏ တို့တိုင်းရင်းဘွားပြည်ထောင်စုသား စာအုပ် တွင် စာမျက်နှာ ၆တွင် ထိုသူအားလုံးတို့သည် စကားအသုံးအနှူန်း ဘာသာစကား ဆင်ယင်ထုံးဖွဲမှူ ကိုယ်နေဟန်ထား တို့သည် အခြေခံအားဖြင့် တစ်မျိုးတည်း ဖြစ်၍ ထားဝယ၊် မြိတ်၊ အင်းသား၊ ရခိုင်၊ မြန်မာတို့ အမျိုး အနွယ် တစ်မျိုးတည်းမှ ဆင်းသက်ပေါက်ဖွားလာသူများ မြန်မာ အနွယ်ဝင်များ ဟု ယူဆရန်မှ တစ်ပါး အခြားနည်းလမ်းမရှိ ဟုရေးသားဖော်ပြထားပါသည်။
ယခု အင်းလေးကန်းကြီးအတွင်း တွင် နေထိုင်ကြသောလူမျိုးစုများမှာ ရှမ်း၊အင်းသား၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး တို့ဖြစ်ကြပါတယ်။
မှီးငြမ်း( နောင်အင်းလေး ၊ အင်းလျားဆရာတော် ၏ ဖောင်တော်ဦး ဘုရား ရုပ်ရှင်တော်မြတ် များသမိုင်း)
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်။
မေးခွန်း လေးကို ကော့မန့်ဖြေပေးခဲ့စေချင်ပါတယ်။
နောင်လဲ အင်းလေးခရီးဒေသ နဲ့ပတ်သက်ပြီး ဆက်လက် ဝေမျှ ပေးသွားမည် ဖြစ်ပါသဖြင့် ဆက်လက်အားပေးပါရန်တောင်းဆိုပါတယ်။
အင်းလေးမှာ ရွာ စုစုပေါင်း ဘယ်လောက်ရှိပါသလဲ?