There are so many Cigars Making enterprises in Inle Lake, but “Nampan “ is the most popular village for it.



The best leaf of the sebesten tree comes from “ Kyauk Ta Lone”. The price of the leaf depends upon the quality of the leaf. The short length leaf are cheaper than the long length leaf.

It is a blend of chopped stalk of tobacco, plant fiber and shag. The best mixture is from “ Myin Gyan“. The price also depends on the quality.

The vinegar that are used in the tobacco mixing is made out of a blend of tamarind, rice wine and pineapple juice. They are all ferment inside a big glazed earthen jar for at least 2 years.

The Filter-tip is made from corn husk, newspapers and tapioca glue. Most of the filter-tip comes from “Shwe Nyaung”.
________________________________


(1) Separates the Sebesten tree leafs by size.
(2) Sprinkle the leaf with water. Without water sprinkling , the color of leaf changes.
(3) Sprinkle vinegar into the tobacco mixture. In order to keep a good odor.
(4) And then put the tobacco mixture into the leaf and make the top conical shape , Locals call it as “Kyar Phoo”.
(5) Put the filter-tip and stick with tapioca glue put together with business label. Cut the length as required.
(6) The final step is to put the cigarettes in the oven to roast it.
(7) One person can make from 500 to 1000 cigars daily.
_________________________________





ဆေးပေါ့လိပ်လုပ်ငန်း
ဒီနေ့မှာတော့ အင်းလေးမှာရှိတဲ့ ဆေးပေါ့လိပ်
လုပ်ငန်း အကြောင်းမျှဝေချင်ပါတယ်။
အင်းလေးဒေသရှိ ရွာအတော်များများမှာ ဆေးပေါ့လိပ်လုပ်ငန်းရှိကြပေမဲ့ နန်းပန်မြို့ကတော့ ဆေးပေါ့လိပ် လုပ်ငန်းနှင့်နာမည်ကြီးပါတယ်။


( ကျောက်တလုံးမှ သနပ်ဖက်သည် အကောင်းဆုံးဟု သ်ိရပါသည်။ သနပ်ဖက်စျေးနှုန်းမှာ
သနပ်ဖက်၏ အရည်အသွေးအလိုက်ကွာပြီး
သနပ်ရွက်တိုလျှင် စျေးသက်သာပြီး၊ သနပ်ဖက်ရှည်လျှင် စျေးများပါသည်။)

စပ်ဆေးကို ( ဆေးရိုး၊ ကုန်းဆေး၊ လျှော်) တို့ဖြင့် ရောစပ်ထားပြီး မြင်းခြံမှထွက်သော စပ်ဆေးသည် အကောင်းဆုံးဖြစ်ပါသည်။ စပ်ဆေး၏ အရည်အသွေးအရ ကွာပါသည်။

ဆေးစပ်ရာတွင် အသုံးပြုသော ရှာလကာရည်ကို ( မန်ကျည်းသီး၊ ဆန်အရက်၊ နာနတ်သီး) တို့ဖြင့် မြေအိုးထဲတွင် အနည်းဆုံး(၂) နှစ်ထား၍ အချဉ်ဖောက်ပြီး နေမထိုး၊အရိပ်ရသောနေရာတွင် သိပ်ရပါသည်။

အစီခံကို ပြောင်းဖူးခွံ၊ သတင်းစာစက္ကူ၊
သာကူဖြင့်ပြုလုပ်သော ကော် တို့ဖြင့် ပြုလုပ်ထားပါသည်။ အစီခံ က်ို ရွှေညောင်မြို့မှ အများဆုံးပြုလုပ်ပါသည်။
____________________________


(၁) သနပ်ဖက်အရွယ်အစား ဆိုဒ်ကို အရင်ခွဲရပါတယ်။
(၂) သနပ်ဖက်အရွယ်အစားခွဲပြီး သနပ်ဖက်ကို စက္ကန့်အနည်းငယ်မျှရေဆွတ်ပေးရပါတယ်။
ရေမဆွတ်ပါက သနပ်ဖက် အရောင်ပြောင်းသွားတတ်ပါတယ်။
(၃) စပ်ဆေးကို ရှာလကာရည်ဖျန်းပါမယ်။ ရှာလကာရည် မဖျန်းပါက အနံ့ပြင်းပါတယ်။
(၄) သနပ်ဖက်ထဲသို့ စပ်ဆေးထည့်လိပ်ပြီး
ဆေးပေါ့လိပ် ထိပ်ဖျားပိုင်းကို ကြာဖူးထိုးပါမယ်။
(၅)အစီခံထည့်လိပ်ပြီး ကော်ကပ်ပါမယ်။
တံဆိပ်ပါ တခါထဲ ထည့်ကပ်ပါမယ်။
လိုသလောက်အရှည်က်ို အစီခံဖက်မှ ညှပ်ချပါမယ်။
(၆) နောက်ဆုံးအဆင့်အနေနှင့် လိပ်ပြီးသွားသော ဆေးလိပ်များကိုဆေးလိပ်ကင်ဖိုတွင်
ပြန်ကင်ပေးရပါသည်။
(၇) ဆေးလိပ်သမတစ်ဦးကို
တစ်နေ့လျှင် ဆေးလိပ် အလိပ်ရေ
(၅၀၀ မှ ၁၀၀၀) အထိ ပြီးပါတယ်။
_____________________________

ဝယ်လှောင်ထားရတဲ့ အခက်အခဲရှိပါသည်။



Photos: Go to INLE Team