





(1) The boat manufacturer must first choose and split the teak wood equally.
(2) Make the buttress and rib of a boat on which the boat is attached and glue these buttresses and ribs to the boat’s hull
(3) After that, they pave the floor of the boat. Then they flip it, tied it up and then turned it around to its original position.
(4) When the hull of the boat is in the shape they want, they finish it and add the finishing touch. Then they coat the piece with lacquer.
(5) They apply lacquer 3 times and then 3 more times with smooth lacquer. To obtain the smooth lacquer, they sieve it.
(6) The lacquer used to coat the boat is mixed with cooked straw powder. After the first coating, it is polished with bamboo sandpaper.
(7) Can be used maximun of 24kg of lacquer and minimum of 4.8kg. The best lacquer comes from Kyine Taung & Kyine Khan villages.
(8) After lacquering, the boat needs to dry. During the rainy season it takes a week, in the winter about 2 weeks and a lot more time in the summer. The boat should be in the shade and air dry only, it is not recommended to dry in the sun.








Have you ever tried to make a boat


Would you like to learn how to make one 








ထင်ရှားမြင်လွယ်သော နေရာနှင့်အချက်ဖြစ်ပါသည်။
ထို့ကြောင့် လှေလုပ်ငန်းနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်ကောင်းသော အချက်အလက်များကို ကျွန်ုပ်တို့ သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များက်ို ပြန်လည်မျှဝေပေးလိုက်ပါသည်။



စက်တပ်လှေကြီး အမျိုးအစား နှင့် လှေငယ်- ကနူးလှေ(ဒေသအခေါ်- ကစ်လှေ) အမျိုးအစားဟူ၍ (၂) မျိုး ပြုလုပ်ပါသည်။

ပေအရှည်၂၄ ပေ မှစ၍ ပေ၆၀ ထိရှည်သော လှေများကို ပြုလုပ်ကြပါသည်။ ပေ-၆၀ ရှည်သော လှေကြီးများကိုတော့ ကုန်တင်ရန် သယ်ယူပ်ို့ဆောင်ခြင်းများတွင် အသုံးပြုကြပါသည်။
၄၅ ပေ ရှည်သော လှေများကိုတော့
ခရီးသွားများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အသုံးပြုကြပါသည်။

စသဖြင့် ပြုလုပ်ကြပါသည်။


စက်တပ်လှေကြီးတစ်စင်းပြုလုပ်ရန်အတွက် (၁) လကြာချိန်ရှိပြီး ကာလတန်ဖိုးအနေနှင့်
မြန်မာကျပ်ငွေ ၂၆၀၀၀၀၀ ဝန်းကျင် တန်ကြေးရှ်ိကြောင်း သိရပါသည်။

(၁) ပထမဦးစွာ သစ်ကိုအရင်ခွဲ၍ လိုချင်သော
ဆိုဒ်ရအောင် ပြန်ညှိရပါသည်။
(၂) လှေ၏ကိုယ်ထည်ခိုင်ခံ့စေရန်အတွက်
လှေဒေါက် ၊ လှဲတံကူ၊ ထောင်တံကူ ပြုလုပ်ရပါသည်။
(၃) ထို့နောက် ပြုလုပ်ထားသော လှေဒေါက်၊ လှဲတံကူ၊ ထောင်တံကူတို့ကို လှေ၏ကိုယ်ထည်ခိုင်ခံ့စေရန်အတွက် ကျနစွာတပ်ဆင်ပေးရပါသည်။
(၄) ပြီးလျှင် လှေ၏ ကြမ်းခင်းကိုခင်း၊ ပြန်လှန်ပြီးမှ သန့်ရှင်းကာ အဆင့်ဆင့်ပြန်ဆင့်ရပါသည်။
(၅) လိုချင်သည့် ပုံသဏ္ဍန်ရပြီဆိုလျှင် လှေက်ိုအချောသတ်၍ သစ်စေးကိုင်ပါသည်။
(၆) သစ်စေးကိုင်သည့်အခါ သစ်စေးကို အကြမ်း(၃) ကြိမ်သုတ်ပေးရပါသည်။ အကြမ်း(၃) ခါ သုတ်ပြီးပါက အနု(၁)ကြိမ် ပြန်သုတ်ပေးရပါသည်။ အနု(၁) ကြိမ်ပြီးလျှင် သစ်စေးကို ဇကာဖြင့်စစ်ချထားသော သစ်စေးအရည်ကြည်ဖြင့် (၃) ကြိမ်ထပ်သုတ်ပေးရပါသည်။
(၇) သစ်စေးသုတ်ရန် သစ်စေးကိုကောက်ရိုးပြာနှင့်ရောစပ်၍ အသုံးပြုရပါသည်။ အကြမ်းသုတ်ပြီးသည့်အခါ ဝါးကပ်နှင့်ကော်ဖတ်တိုက်ပြီးမှသာ အနုသုတ်ပေးရပါသည်။
(၈) စက်တပ်လှေကြီးအတွက် သစ်စေး ၁၅ပိဿာခန့် ကုန်၍ လှေငယ်အတွက် သစ်စေး ၃ ပိဿာခန့်ကုန်သည်ဟု သိရပါသည်။
ကျိုင်းတောင်း၊ကျိုင်းခမ်းကျေးရွာမှ ထွက်သည့် သစ်စေးသည် အကောင်းဆုံးဟု သိရပါသည်။
(၉) သစ်စေးသုတ်ပြီးနောက် သစ်စေးကိုင်ထားသော လှေခြောက်ရန်အတွက် မိုးရာသီတွင် -၁ ပတ်၊ ဆောင်းရာသီတွင် -၂ ပတ် ကြာမြင့်ပြီး နွေရာသီတွင်ခြောက်သွေ့ရန် ပိုကြာသည်ဟုသိရပါသည်။ သစ်စေးအခြောက်ခံသည့်အခါ နေပူတွင် မလှန်းရဘဲ အရိပ်ကောင်းသည့်၊ လေဝင်လေထွက်ကောင်းသည့် နေရာတွင်သာ အခြောက်ခံရသည်ကို သတိပြုရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





နန်းပန်မြို့၊ ရေလည်ရပ်တွင် ရှိသော
“ ရွှေရောင်ကျွန်း” လှေလုပ်ငန်းမှ လုပ်ငန်းရှင်
ဦးကျော်မိုး၏ ပြောဆိုရှင်းပြချက်များကို ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။


Photos by
Go to INLE - အင်းလေးကို သွားမယ်
team